Pages

Pages

မန္တလေးမြို့သို့ ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ဖူးမြော်




ချမ်းအေးသာစံ  ဧပြီ  ၂၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဖုန်းဒေသတွင် သီတင်းသုံးတော်မူသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရမိုင်းဖုန်းဆရာတော်ကြီးအား ဧပြီလ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ်ရှိ ခေတ္တသီတင်းသုံးသည့်နေရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေများ ကပ်လှူခဲ့သည်။


ဆက်လက်၍ မိုင်းဖုန်းဆရာတော်ကြီးသည် မဟာမုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ပြီး မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေကျပ် ၅၀၀ သိန်းကို ဘုရားကြီးဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ထံ လှူဒါန်းပေးအပ်ပြီးနောက် ပြင်ဦးလွင်မြို့သို့ ဆက်လက်ကြွချီသွားကြောင်း သတင်းရရှိသည်။


ချမ်းအေးသာစံ

https://t.me/MyanmarNationalPost

No comments:

Post a Comment