Pages

Pages

အမေရိကန်သမ္မတနဲ့ တွေ့ဆုံပြီးနောက် အပစ်အခတ်ရပ်စဲရေးတိုးတက်မှုရှိလာဖို့ မျှော်လင့်ချက်ရှိတယ်လို့ ယူကရိန်းသမ္မတ ဆို


ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပူးတွဲရလဒ်တွေ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ဗာတီကန်မှာ သူနဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ တွေ့ဆုံမှုဟာ "သမိုင်းဝင်ဖြစ်လာမယ့် အလားအလာ" ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

စနေနေ့က ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ဈာပနအခမ်းအနားမတိုင်မီ မစ္စတာ Zelenskyy နဲ့ မစ္စတာ Trump ဟာ St. Peter's Basilica ဘုရားကျောင်းမှာ ခေတ္တတွေ့ဆုံခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းက အိမ်ဖြူတော်မှာ အချေအတင် ဆွေးနွေးခဲ့ပြီးနောက်ပိုင်း ဒါဟာ သူတို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံတာ ဖြစ်ပါတယ်။ စနေနေ့က တွေ့ဆုံဆွေးနွေးမှုဟာ ၁၅ မိနစ် ကြာမြင့်ခဲ့တယ်လို့ ယူကရိန်းသမ္မတရုံးက ပြောပါတယ်။

မစ္စတာ Zelenskyy က သူတို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာအားလုံးအတွက် ရလဒ်တွေ ရရှိဖို့ မျှော်လင့်ထားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ သူက "ခြွင်းချက်မရှိ၊ အပြီးပိုင် အပစ်အခတ်ရပ်စဲရေး" နဲ့ "နောက်ထပ်စစ်ပွဲ မဖြစ်ပွားအောင် တားဆီးပေးမယ့် ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး" နဲ့ ပတ်သက်ပြီး ဖော်ပြခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ "အလွန်အမင်း အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်" လို့ အိမ်ဖြူတော်က စနေနေ့မှာ ပြောခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုရှားအစိုးရက တစ်ဖက်သတ် သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသမှာ ရုရှားထိန်းချုပ်တာနဲ့ ပတ်သက်ပြီး အမေရိကန်က အသိအမှတ်ပြုတဲ့ အချက် ပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို သမ္မတ Trump အစိုးရက အဆိုပြုခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြနေပါတယ်။ ဒါကို လက်ခံဖို့ ယူကရိန်းနဲ့ ရုရှားနှစ်နိုင်ငံစလုံးကို သမ္မတ Trump အစိုးရက တိုက်တွန်းနေတယ်လို့ သိရပါတယ်။

စနေနေ့က အစည်းအဝေးအပြီးမှာ အဲဒီငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ မသိရပါဘူး။

အစည်းအဝေးအပြီး လူမှုကွန်ရက်မှာ မစ္စတာ Trump ဟာ မစ္စတာ Zelenskyy အကြောင်း ဖော်ပြခြင်းမရှိပါဘူး။ အရပ်သားတွေ ရှိတဲ့ ဧရိယာတွေ၊ မြို့ကြီးမြို့ငယ်တွေကို ရုရှားသမ္မတ Vladimir Putin က ဒုံးကျည်နဲ့ တိုက်ခိုက်စရာ အကြောင်း မရှိဘူးလို့ မစ္စတာ Trump က ပြောပါတယ်။

မစ္စတာ Trump က သူ့ရဲ့ ထင်မြင်ချက်အရ မစ္စတာ Putin ဟာ စစ်ပွဲကို ရပ်တန့်လိုပုံမရဘူးလို့လည်း ပြောပါတယ်။ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်နိုင်ခြေရှိတယ်လို့ သူက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment