Pages

Pages

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အောင်စည်သာပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၊ ငလျင်ဘေးဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့သည့် လူနာများအား ကြည့်ရှုအားပေး





နေပြည်တော်၊ ဧပြီ ၁၀


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ကျောင်းတိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ် ယာယီဆေးရုံ(ရွှေကြာပင်)သို့ သွားရောက်ပြီး ငလျင်ဘေးဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့သည့် လူနာများအား ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း 


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment