Pages

Pages

မန္တလေးငလျင်ဒဏ်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမှ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လာရောက်လှူဒါန်း



ချမ်းအေးသာစံ   ဧပြီ  ၂၂


၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပြည်တွင်း ၊ ပြည်ပ စေတနာရှင်ပြည်သူများမှ အလှူငွေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။


ထိုသို့လှူဒါန်းမှုအနေဖြင့် မြန်မာပြည်သူများအတွက် ထိုင်းပြည်သူများ၏ အားဖြည့်မှု ထိုင်းနိုင်ငံမှလှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီပစ္စည်းများကို ထိုင်းနိုင်ငံ Royal Thai Air Force မှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သတင်းရသည်။


ထွန်းထွန်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment