Pages

Pages

ပြည်ခိုင်ဖြိုးပါတီက နေပြည်တော်တွင် စုပေါင်းသွေးလှူဒါန်း








ပြည်ခိုင်ဖြိုးပါတီက ငလျင်ဒဏ်သင့် ပြည်သူများ လိုအပ်လျက်ရှိသော သွေးလိုအပ်ချက်အတွက် ယနေ့ နေ့လည် ၁၁း၃၀ အချိန်တွင် ကုတင် ၁၀၀၀ တပ်မတော်ဆေးရုံတွင် စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ငလျင်ဘေးသင့်လူနာများ လိုအပ်နေသော သွေးများအား ပါတီဝင် ၂၃ ဦးမှ စုပေါင်း သွေးလှူဒါန်းကြပြီး ပါတီဥက္ကဌကြီး ဦးခင်ရီ၊ ဒုတိယဥက္ကဌများဖြစ်ကြသော  ဦးမြတ်ဟိန်းနှင့် ဦးလှထွန်း ၊ အထွေထွေအတွင်းရေးမှုး ဦးသောင်းအေးနှင့် ဗဟိုအလုပ်အမှု့ဆောင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကုတင် ၁၀၀၀ တပ်မှုးမှ ကျေးဇူးတင်လွှာ ကို ဥက္ကဋ္ဌကြီး ဦးခင်ရီသို့ ပေးအပ်ခဲ့သည်။

ထို့နောက် ဥက္ကဋ္ဌကြီးဦးခင်ရီနှင့်အဖွဲ့သည် အဆောင် ၆ ခု နှင့် ပြင်ပ ယာယီ အဆောင်များရှိ  ဆေးရုံတက် ငလျင်ဘေးသင့်လူနာများနှင့် လူနာစောင့်များအား ဒံပေါက်ဗူးများ ဝေပေးခဲ့ကြောင်း သိရသည်။


#MyanmarEartquake

https://t.me/MyanmarNationalPost

No comments:

Post a Comment