Pages

Pages

မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လာရောက်လှူဒါန်း



ချမ်းအေးသာစံ  ဧပြီ  ၂၅


၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ ပြည်တွင်းမန္တလေးမြို့ အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပ စေတနာရှင် ပြည်သူများမှ အလှူငွေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လှူဒါန်းလျက်ရှိသည်။


ထိုသို့လှူဒါန်းမှုအနေဖြင့် အလှူရှင်များဖြစ်သည့် Mr.Johnny Teng ၊ Mr.Andy Lin ၊ Miss.Peng Shun Chen ၊ Miss.Michelle Wang and Miss.Chris Lin တို့က  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများဖြစ်သည့် တန်ဖိုး ငွေ ၄၅,၀၀၀,၀၀၀ ကျပ်ရှိ Physiological Monitor နှင့် ဆက်စပ်ဆေးဝါးပစ္စည်းများကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဧပြီလ(၂၄)ရက်နေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment