Pages

Pages

လုံခြုံရေးတပ်ဖွဲ့ဝင်များ သတိပြုနိုင်ပါရန်



တိုင်းပြည်မှာ သဘာဝဘေးဒဏ်ကို ဆိုးရွားစွာ ခံစားနေရတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များမှာ သဘာဝဘေးဒဏ်သင့် ပြည်သူများကိုလည်း ကူညီရသလို အကြမ်းဖက်ဘေးအန္တရာယ်တွေကိုလည်း ကာကွယ်နေကြရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ကို ၂၀၂၅ ခုနှစ် ၊ ဧပြီ ၂ ရက် မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ လက်ရှိအချိန်တွင် မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန် ပြင်းထန် သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ရှားမှုကြောင့် ငလျင်ဒဏ်သင့် ဒေသများ၌ လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူများ အသက် သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများဖြစ်ပေါ်ခဲ့ရသည်။ ထိုကဲ့သို့သော ထိခိုက် ပျက်စီးခဲ့ရမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်နိုင်ရန် ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း KIA သောင်းကျန်းသူအဖွဲ့ကလည်း သံယောင်လိုက်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ကပဲ PDF နဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ နိုင်ငံတော်ကလည်း တရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်။ KIA အပါအဝင် လက်နက်ကိုင် သောင်းကျန်းသူများ၊ အကြမ်းဖက်အဖွဲ့များအနေနဲ့က ကတိမတည်၊ သစ္စာမရှိ ကိုယ့်စကားကိုယ် အလေးမထားတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ တဖက်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသော်လည်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ချောင်းမြောင်းတိုက်ခိုက်တာမျိုး၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်တာမျိုး၊ ငလျင်ဘေး ကူညီထောက်ပံ့ရေးဆောင်ရွက်နေသူတွေကို အထိတ်တလန့်ဖြစ်အောင် တိုက်ခိုက်တာမျိုးတွေ လုပ်နေကြပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့်  ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်း ကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်  ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ သတိပြုရမှာကယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအားကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်မှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။

ပြည်ဖျက်မိစ္ဆာတွေလို့ ခေါ်ဆိုနိုင်တဲ့ လက်နက်ကိုင်သောင်းသူအကြမ်းဖက်အဖွဲ့များအနေနဲ့ ပြည်သူတွေ အတိဒုက္ခရောက်လေ သူတို့အတွက် အခွင့်ကောင်းရလေပါပဲ။ ကိုဗစ်ကာလမှာလည်း နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ကိုဗစ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေစဉ်မှာ NUG, CRPH, PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေဟာ အောက်စီဂျင်အိုးများထဲမှာ လက်နက်များထည့်သွင်းပြီး အကြမ်းဖက်သမားများထံ ပို့ဆောင်တဲ့ အလုပ်တွေကို လုပ်ခဲ့သလို အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်သွားခြင်းမျိုး မရှိပါဘူး။

အလားတူ ရေဘေးကာလမှာလည်း ရေဘေးသင့်ပြည်သူများကို လာရောက်ထောက်ပံ့တဲ့ ကူညီထောက်ပံ့ရေးအဖွဲ့များကိုပင် ဓားမြတိုက်သည်အထိ အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြပါတယ်။

တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများလည်း ဆောင်ရွက်နေရ၊ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းကိုလည်း မျက်ကွယ်ပြုထားလို့ မရတဲ့ အခြေအနေမှာ သတိပြုရမှာကတော့ အကြမ်းဖက်သမားများသည် အမြဲတမ်းလိုလို လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်နေတာ ဖြစ်တဲ့အတွက် အထူးသတိပြုပါ။ ပြည်ဖျက်မိစ္ဆာ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များ၊ အကြမ်းဖက်အဖွဲ့များ ဘက်က လှုပ်ရှားလာသည်ရှိသော် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသော်လည်း ထုတ်ပြန်ချက်မှာ ပါရှိသည့်အတိုင်း လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို အချိန်နဲ့တပြေးညီ ဆောင်ရွက်သွားနိုင်ရန် သတိရှိပါ။ ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ချက်နဲ့ ထိခိုက်ကျဆုံး ဖြစ်ဖို့မထိုက်တန်ပါဘူး။ ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်နိုင်ရေး ကိုယ်ပိုင်အသိ၊ ကိုယ်တိုင်တတ်စွမ်းထားတဲ့ စစ်ပညာနဲ့ ကာကွယ်ပါ။ အများပြည်သူကို ကာကွယ်သလို ကိုယ့်ဘေးအန္တရာယ်ကိုလည်း ကာကွယ်ပါ။

တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သော အရာရှိဆိုသူများရဲ့ မလျော်ကန်တဲ့ လုပ်ရပ်များကိုလည်း ဆင်ခြင်နိုင်စေဖို့အတွက် အများပြည်သူကို ချပြကြစေလိုပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းရေးသည်သာ ပထမ ဖြစ်ရပါမယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment