Pages

Pages

အီရန်က ဆိပ်ကမ်းတစ်ခု ပေါက်ကွဲ ၁၈ ဦးသေ ၊ ၇၀၀ကျော်ဒဏ်ရာရ



ဧပြီ - ၂၇ ( တနင်္ဂနွေနေ့) 

မနေ့က အီရန်နိုင်ငံ ဘန်ဒါအာဘာမြို့ရှိ ရှာဟစ်ရာဂျီ ဆိပ်ကမ်းတွင် ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ခဲ့ပြီး လူ ၁၈ ဦး သေဆုံးကာ ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသတွင်းမီဒီယာတွေရဲ့အဆိုအရ ပေါက်ကွဲမှုက သင်္ဘော ကွန်တိန်နာအတွင်းက ဓာတုပစ္စည်းများကြောင့်ဖြစ်တယ်လို့ သိပါတယ်။ 

အီရန်သမ္မတ မာစွတ်ပီဇီရှာကီယန် ရဲ့ စုံးစမ်းစစ်ဆေးမှုဆိုင်ရာ အမိန့်နောက်မှာသိရတဲ့ အချက်အလက်အရ ပေါက်ကွဲမှုက ပဲထိန်းဒုံးကျည်များ ထုတ်လုပ်ဖို့ရာ လိုအပ်တဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ အမိုနီယံ ပါကလိုရိတ်များကို မတ်လတုန်းက တရုတ်ပြည်ကနေ ဆိပ်ကမ်းကို ဆိုက်ရောက်ပြီးနောက် ဂိုဒေါင်တွေထဲမှာ သိမ်းဆည်းထားရာက မတော်တဆတစ်စုံတစ်ရာကြောင့် ပေါက်ကွဲမှုဖြစ်တယ်လို့ သိရပါတယ်။ 

အဲ့ဒိ ဓာတုပစ္စည်းတွေကနေ အီရန်နိုင်ငံက တာဝေးပစ်ဒုံးတွေကို ထုတ်လုပ်ပြီး အစ္စရေးလို နိုင်ငံတွေကို တိုက်ခိုက်ခဲ့တာပါ။ 


REF: Reuters

https://t.me/MyanmarNationalPost

No comments:

Post a Comment