နေပြည်တော်၊ ဧပြီ ၉
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဥမင်ကိုး ဆယ်စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများ၊ ဟံသာဂီရိဘုန်းတော်ကြီး ကျောင်းတိုက်ကြီးနှင့် လေးကျွန်းမာရ်အောင်စေတီတော်မြတ်ကြီး၊ စစ်ကိုင်းမြို့၊ ရိုင်တန်း ရပ်ကွက်ရှိ RC CHURCH ကျောင်းနှင့် မင်းလမ်းရပ်ကွက်ရှိ မြို့တော်ဗလီ၊ မိုးကျ ဗလီ၊ ချင်းစုရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းနှင့် စစ်ကိုင်းမြို့ပေါ်ရှိ နေအိမ်တိုက်တာများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက လည်းကောင်း၊ စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇမဏိ စူဠာကောင်းမှုတော်စေတီတော်၊ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင် စေတီ၊ သာသနိကအဆောက်အဦများ၊ အရန်စေတီများ၊ ချင်းစုရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ တကောင်းရပ်ကွက်ရှိ မဟာစေတီကြီးဘုရားနှင့် စစ်ကိုင်းမြို့၊ သောတပန်းရပ်ကွက်၊ သံပုဏ္ဏာရာမကျောင်းတိုက်တို့အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက လည်းကောင်း သွားရောက်ကြည့်ရှု၍ ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်း နေမှုများနှင့် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ သောက်သုံးရေအဆင်ပြေ စေရေးအတွက် တပ်မတော်ရေသန့်စက်ရုံမှ ဧရာဝတီမြစ်ရေကို သန့်စင်၍ သောက်သုံး ရေ ဖြန့်ဝေနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင် တည်ဆောက်ရေးနိုင်ရေး တို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့၊ အေးမြဝတီရပ်ကွက်ရှိ အထွေထွေရောဂါကုဆေးရုံ (ခုတင်-၂၀၀) သို့သွားရောက်၍ ဆေးကုသမှုခံယူလျက်ရှိသော ရဟန်းရှင်လူများပြည်သူများအား တွေ့ဆုံအားပေးပြီး ဆေးရုံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့သို့ရောက်ရှိနေ သော အိန္ဒိယနိုင်ငံမှ Colonel RAKESH KADEKHAR ဦးဆောင်သော ဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့များအား သွားရောက်တွေ့ဆုံ၍ စစ်ကိုင်းတံတား(အင်းဝ)ပြန်လည် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီး ခဲ့သော Sky Villa ၊ မန္တလေးတောင်တော်ရှိ တန်ဆောင်းများ၊ အရံစေတီများနှင့် ဓာတ်လှေကားနေရာများ၊ စန္ဒမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ အတုမရှိရွှေကျောင်းနှင့် မန္တလေးမြို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နေရာများနှင့် မြို့တွင်း လမ်းမကြီးများ သို့လည်းကောင်း သွားရောက်ကြည့်ရှု၍ ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ချမ်းအေးသာစံ မြို့နယ်ရှိ ချမ်းသာရ ဘုရားကြီး၊ အမရပူရမြို့နယ်၊ ဆင်ဖြူမယ်ကျောင်းတိုက်၊ ချမ်းမြသာစည်မြို့နယ် တပ်မတော်စည်သွပ်စက်ရုံ၊ နန်းမြို့ရိုးနေရာများ၌ အပျက်အစီး များဖယ်ရှားရှင်းလင်း ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် ကျောက်ဆည်မြို့၊ ရွှေသာ လျောင်းတောင်ပေါ်စေတီ၊ ကျောက်သေတ္တာစေတီတောင်ပေါ်ရှိ ကျောက် သေတ္တာကြီး တည်ရှိမှုအခြေအနေ၊ ကြောင်ပန်းကုန်းအတွင်းရှိ သမိုင်းဝင်တမုတ်ရှင်ပင် ရွှေဂူဘုရား ကြီးသွားရောက်ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်း ရေးနှင့် ပြန်လည် တည်ဆောက်ရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။ ထို့နောက် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ များအား ကြည့်ရှုအားပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် အာဟာရပြည့် စားသောက်ဖွယ် ရာများ ပေးအပ်သည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ ရပ်မိ၊ ရပ်ဖများ နှင့် တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် လမ်း၊ တံတား၊ အဆောက်အဦများ အမြန်ဆုံးပြန်လည်တည်ဆောက်မည့် အခြေအနေမျာကို ဆွေးနွေးညှိနှိုင်းကြသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ် လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိ မြို့နယ်တို့ရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စစ်မှုထမ်းဟောင်းအိမ်ရာ များနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ထို့အပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများကလည်း ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ငလျင်ဒဏ်သင့်ပြည်သူများအား စားသောက်ရေးအဆင်ပြေစေရေးအတွက် စားသောက်ဖွယ်ရာများ၊ သောက်ရေသန့် များ၊ သောက်သုံးရေများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း ခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment