Pages

Pages

မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဧပြီ ၃၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့ ၁၁၄၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းတွင် တင်မျိုးဦး မောင်းနှင်ပြီး နေလှိုင်မျိုး လိုက်ပါလာသည့် TOYOTA CALDINA အငှား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄,၀၀၀) သိမ်းဆည်းရမိခဲ့ သဖြင့် တင်မျိုးဦး(၄၉)နှစ်နှင့် နေလှိုင်မျိုး(၃၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment