Pages

Pages

သြစတြေးလျအစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများရောက်ရှိ


နေပြည်တော်၊ ဧပြီ ၈

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ငလျင်ဒဏ်သင့် ပြည်သူများအတွက် သြစတြေး အစိုးရမှ လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။

အဆိုပါပစ္စည်းများမှာ ဆိုလာမီးအိမ်များ၊ အိမ်သုံးပစ္စည်းများနှင့် ဆေးဝါးများ (၃၇၄၁၅)Kg ပါဝင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိချိန်တွင်  နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး ဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးမှ Changed Affaires ဖြစ်သူ Ms.Angela Jane Corcoran၊ ရန်ကုန်မြိုရှိ WFP ရုံးမှ Deputy Country Director ဖြစ်သူ Ms. Sheela Matthew တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများအား တပ်မတော်သားများ၊ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပေးပြီး လှိုင်သာယာမြို့နယ်၊ ဘီအိုစီဝန်းရှိ WFP သိုလှောင်ရုံသို့ ဆက်လက်သယ်ဆောင်သွားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment