Pages

Pages

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်



ချမ်းအေးသာစံ  ဧပြီ  ၂၅


မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်  ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ(၂၃)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ် အဖွင့်အမှာစကား ပြောကြားရာတွင် မန္တလေးတိုင်း ဒေသကြီး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥပဒေအမှတ် ၁၆/၂၀၂၅ ဖြင့် ပြဋ္ဌာန်းပေးခဲ့ရာ စုစုပေါင်း GDP တန်ဖိုး ကျပ်သန်းပေါင်း ၁၆,၄၆၂,၁၂၃.၉ ရရှိရန် နှင့် ၃.၃ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေအရဆောင်ရွက်မည့် ရင်းနှီးမြှုပ်မှုလုပ်ငန်း စီမံကိန်းများတွင် ဆောက်လုပ်ရေးလုပ်ငန်း ၁၄၀၂ ခု (တန်ဖိုး ကျပ် ၁၆၇.၆၁၄ ဘီလီယံ)၊ စက်ပစ္စည်း ၈၅၂ ခု (တန်ဖိုး ကျပ် ၁၇.၆၂၂ ဘီလီယံ နှင့် အခြားလုပ်ငန်း ၅၇ ခု (တန်ဖိုး ကျပ် ၆.၂၆၁ ဘီလီယံ) စုစုပေါင်း လုပ်ငန်း ၂၃၁၁ ခုကို စုစုပေါင်းတန်ဖိုး ကျပ် ၁၉၁.၄၉၈ ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ထိခိုက်ပျက်စီးမှုများရှိသဖြင့် ယခုဘဏ္ဍာရေး နှစ်တွင်ရရှိ ရန်ရည်မှန်းထားသည့် စီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင် အကောင်အထည် ဖော်ဆောင်ရွက်သည့် နေရာတွင် ကြုံတွေ့မည့် အခက်အခဲများကို အကောင်းဆုံးနည်းလမ်းများဖြင့် ဝိုင်းဝန်းဖြေရှင်းကာ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အရေးကြီးဦးစားပေး ဆောင်ရွက်ကြရမည့်လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်လာသည့်အခါ စီမံခန့်ခွဲမှုအကောင်းဆုံးဖြင့် ဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ ပြဋ္ဌာန်းလိုက်သည့် စီမံကိန်းဥပဒေပါကဏ္ဍအလိုက်၊ ဒေသအလိုက်စီမံကိန်းများကို ပြည့်မီအောင်၊ ဒေသအတွင်း ထင်သာမြင်သာဖြစ်စေမည့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင်၊ စီမံကိန်းများ အချိန်မီပြီးစီးအောင် အလေးအနက်ထားကာ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများက စီမံကိန်းပါကဏ္ဍများအလိုက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်များကို ခရိုင် ၁၁ ခုမှ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။


ထွန်းထွန်းနိုင် 

https://t.me/MyanmarNationalPost


No comments:

Post a Comment