Pages

Pages

ဒုတိယအကြိမ်မြောက် မြန်မာနှစ်သစ်ဦး ဓမ္မပူဇာအထူးတရားပွဲ အောင်မြင်စွာ ကျင်းပပြီးမြောက်









ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ လောင်းလုံလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ (၂၇-၄-၂၀၂၅) ရက်နေ့ အမှတ်(၂၅)ရပ်ကွက်လုံးဆိုင်ရာ "ဒုတိယအကြိမ်မြောက် မြန်မာနှစ်သစ်ဦးဓမ္မပူဇာ အထူးတရားပွဲ" ကျင်းပခဲ့ရာ မင်းကွန်းတိပိဋကနိကာယ်ကျောင်းတိုက် စီမံအုပ်ချုပ်မှု မဟာနာယကအဖွဲ့ဝင် ဆရာတော် စိန်ရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဘဒ္ဒန္တပညာသီရိလင်္ကာရ(မြင်းမူ)ဆရာတော်မှ "ကုသိုလ်ဆိုတာဘာလဲ" တရားတော်ကို ချီးမြှင့်ဟောကြားတော်မူခဲ့သည်။ 

တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ မတည်အလှူငွေ၊ တစ်ဦးချင်းအလှူငွေများနှင့် ကြွရောက်လာကြသော တရားနာပရိတ်သတ်များ၏ အလှူငွေစုစုပေါင်း ၃,၈၀၀,၀၀၀ိ/(သုံးဆယ်ရှစ်သိန်းကျပ်တိတိ)နှင့် သင်္ကန်းခြင်း(၅)ခြင်း၊ သင်္ကန်း(၁)စုံ၊ ဖိနပ်(၂)ရံတို့အား လှူဒါန်းခဲ့ကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး တရားပွဲ(တတိယ)ည အောင်မြင်စွာပြီးမြောက်ခဲ့သည်။

ဒုတိယအကြိမ်မြောက် မြန်မာနှစ်သစ်ဦး ဓမ္မပူဇာအထူးတရားပွဲ ပထမညတွင် နိကာယ်ငါးရပ်ပိဋကသုံးပုံစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ(မော်ကျွန်း)ဆရာတော်မှ "နောင်တကင်းကွာလွန်ချမ်းသာ" တရားတော်ကို ချီးမြှင့်ဟောကြားတော်မူခဲ့ပြီး ဒုတိယညတွင် နိကာယ်ငါးရပ်ပိဋကသုံးပုံစာသင်တိုက်ကြီး၏ ဒုတိယတိုက်အုပ်ဆရာတော် အရှင်ဇောတိဿရာလင်္ကာရ(ဝနယဓရ၊ ဝိနယဓရကောဝိဒ၊ ဒွိပိဋကဓရ၊ ဒွိပိဋကဓရကောဝိဒ၊ မူလအာဘိဓမ္မက ပိဋကနှစ်ပုံခွဲဆောင်) ဆရာတော်မှ " မြတ်ဗုဒ္ဓ၏ ဈေးရုံတော်" တရားတော်ကို ချီးမြှင့်ဟောကြားတော်မူခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment