ပူတင်ရဲ့ လက်ထောက် ယူကရိန်းသား ကို သစ္စာဖောက်လို့ ဇီလန်စကီး စွတ်စွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတင်ရဲ့ လက်ထောက် ယူကရိန်းသား ကို သစ္စာဖောက်လို့ ဇီလန်စကီး စွတ်စွဲ


ဧပြီ - ၁၀ ( ကြာသပတေးနေ့ ) 

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ယူကရိန်းသား ကီရေးဒီမီထရီယက်ဗ် က ရုရှားနိုင်ငံ ရဲ့ နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသမ္မတအကြံပေး ဖြစ်ပါတယ်။ ဒီမီထရီယက်ဗ်သည် အမေရိကန်နှင့် ပုံမှန်ပြန်လည်ညှိနှိုင်းရေးဆွေးနွေးပွဲများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပြီး နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိနိုင်သည့် အလားအလာရှိသော စီမံကိန်းများကို ရေးသား အကြံပြုနေပါတယ်။ 

မနေ့ကတော့ ဒီမီထရီယက်ဗ်ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ရပ်တည်ချက်နှင့်ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီး က သူ့ကို "ယူကရိန်းတွင်မွေးဖွားခဲ့တဲ့ ခွဲထွက်သူ" လို့ ရည်ညွှန်းပြောဆိုလိုက်ပါတယ်။ ခွဲထွက်ရေး သမားလို့ အတိုကောက်ပြောပေမဲ့ သူဆိုလိုတာက သစ္စာဖောက် လောက်ကောက်လို့ ရည်ညွှန်းပြောချင်တာပါ။ အဲ့ဒိစကားလုံးဖြစ်လာတာက ၂၀၁၄ ခုနှစ်တုန်းက ရုရှားက ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းတုန်းက ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်ခဲ့ပါတယ်။ ယူကရိန်းပိုင် ခရိုင်းမီးယား နယ်က လူတွေက ရုရှားနဲ့ ပူးပေါင်းဖို့ သဘောတူခဲ့ပါတယ်။ အဲ့ဒါကြောင့် ခွဲထွက်ရေး သမားလို့ ဆိုတာက ယူကရိန်းမှာတော့ သစ္စာဖောက် လောက်ကောင်လို့ အဓိပ္ပါယ် ရပါတယ်။  

ဒီမီထရီယက်ဗ် ယူကရိန်းနိုင်ငံ ကိယက်ဗ်တွင် ၁၉၇၅ တွင် မွေးဖွားခဲ့ ပါတယ်၊ အဲ့ဒိတုန်း က ယူကရိန်းက ဆိုဗီယက်ပြည်ထောင်စုပိုင်ပါ။ ၁၉၉၀ အစောပိုင်းတွင် သူက ကယ်လီဖိုးနီးယားရှိ ဖုဟေးလ် ကောလိပ်တွင် ပညာသင်ကြားဖို့ ကျောင်းသားဖလှယ်ရေး အစီအစဉ်တွင် ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ စတန်းဖို့ဒ်၊ ဟားဗတ် တက္ကသိုလ်တွေမှာ စီးပွားရေး မဟာဘွဲ့ ရခဲ့ပါတယ်။ ပြီးတော့ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ပြီးနောက်မှာတော့  ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (RDIF) ၏ခေါင်းဆောင်ဖြစ်လာခဲ့တာပါ။  

အနောက်နိုင်ငံတွေသိမ်းထားတဲ့ ရုရှားသူဌေးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ရဖို့အတွက် သူက အရှေ့အလယ်ပိုင်းရှိ သူ့ရဲ့ စီးပွားရေးချိတ်ဆက်မှုများကို သုံးပြီး ပြန်လုပ်နေပါတယ်။ ရုရှားသူဌေးတွေနဲ့ မော်စကိုအစိုးရရဲ့ ပိုင်ဆိုင်မှုတွေက ပြန်ရဖို့များနေတော့ ဇီလန်စကီး က သူ့ကို သစ္စာဖောက်လို့ စပြီး စွပ်စွဲတော့တာပါပဲ။  

ဒီမီထရီယက်ဗ် က ယခုလအစောပိုင်းတွင် ရုရှလူမှုဖူလုံရေးရန်ပုံငွေ၏ CEO အဖြစ် ဝါရှင်တန်သို့ သွားရောက်ခဲ့ပြီး အိမ်ဖြူတော် အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ပြီးနောက်မှာတော့ ချမှတ်ထားသည့် ပုဂ္ဂိုလ်ရေး ပိတ်ဆို့မှုများကို အမေရိကန်က ယာယီ ရုတ်သိမ်းလိုက်ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)