Pages

Pages

မန္တလေးမြို့ မစိုးရိမ်တိုက်မကြီး(တိုက်ဟောင်)အတွက် မကွေးကျောင်းဆရာတော်ဦးပါမောက္ခ အလှူခံရရှိငွေ သိန်း (၂၅၅)သိန်း သီးခြားလှူဖွယ်ပစ္စည်းများပါ လှူဒါန်း







မန္တလေး၊ ဧပြီ ၁၀

မန္တလေးမြို့ မစိုးရိမ်တိုက်မကြီး(တိုက်ဟောင်)အတွက် မကွေးကျောင်းဆရာတော်ဦးပါမောက္ခ အလှူခံရရှိငွေ သိန်း ၂၅၅သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဦးဆောင်သည့်အဖွဲ့က သွားရောက်လှူဒါန်းရာတွင် အာဂမဆရာတော် ကျောင်းပြန်လည်ပြုပြင်ရန် လိုရာသုံးရန် အတွက် (၅၈)သိန်းကျပ် လှူဒါန်းခဲ့ကြောင်း၊ ထို့နောက် နိရုတ္တိ နယူပဒေကျောင်းအတွက် လိုရာသုံးအတွက် သိန်း(၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် တပည့်ဖြစ်သူ ဦးသောဘဏမှလည်း ဆန်း (၁၅)အိတ်နှင့် ကြက်သွန်အချိန် (၂၁၀)တို့ကိုလည်း လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် ရန်ကုန်မှ ပါသွားသော သင်္ကန်း ၂၅စုံ၊ ဖိနပ်(၅၅)စုံ၊ ထီး(၁၅)လက် အစရှိသော အလှူတော်ဝတ္ထုအစုစုတို့ကို ၈-၄-၂၀၂၅ ရက်နေ့ က မစိုးရိမ်ကျောင်းတိုက်၊ တိုက်မကြီး(တိုက်ဟောင်း) အာဂမနယူပဒေသကျောင်းဆရာတော်ထံ ရေစက်သွန်ချ လှူဒါန်းခဲ့ကြောင်း သိရသည်။


#MandalayEartquake

https://t.me/MyanmarNationalPost

No comments:

Post a Comment