Pages

Pages

မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းငွေများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးက လက်ခံရယူ



ဒါကာ၊ ဧပြီ ၂၂

မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက်လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Chattogram Buddhist Temple မှ အများစုပေါင်းလှူဒါန်းငွေ တာကာ ၄၇၀,၅၈၉ (အမေရိကန်ဒေါ်လာ ၃,၆၂၀ ခန့်) ကို မြန်မာသံရုံး၊ ဒါကာမြို့သို့ ၂၀-၄-၂၀၂၅ ရက်တွင် လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။ 

အဆိုပါ လှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့် ပြည်သူများသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment