Pages

Pages

ဂါဇာကမ်းမြောင်ဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို တားဆီးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အစ္စရေးကို တောင်းဆို



ဧပြီ - ၇ ( တနင်္လာနေ့ ) 

ဂါဇာကမ်းမြောင်ဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ တားဆီးဖို့ အစ္စရေးကို တောင်းဆိုတဲ့ ၅၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ချက်တရပ် ချမှတ်လိုက်ပါတယ်။

ထောက်ခံမဲ ၂၇ မဲ၊ ကန့်ကွက် မဲ၄မဲနှင့် ကြားနေမဲ ၁၆ မဲဖြင့် အတည်ပြုခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းအတွက် အစ္စရေးအား ရှုတ်ချပြီး ၎င်း၏ ကတိကဝတ်များကို အပြည့်အဝ လိုက်နာရန် တိုက်တွန်းထားပါတယ်။ 

ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများ ဝင်ရောက်ခွင့်ကို ဥပဒေမဲ့ငြင်းဆိုခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများကို တမင်တကာ အဟန့်အတားဖြစ်စေခြင်းနှင့် အစားအစာ၊ ရေ၊ လျှပ်စစ်၊ လောင်စာဆီနှင့် တယ်လီဖုန်းဆက်သွယ်ရေးများ အပါအဝင် အရပ်သားများ အသက်ရှင်နေထိုင်ရေးအတွက် လိုအပ်သော မရှိမဖြစ် အရင်းအမြစ်များ ဆုံးရှုံးခြင်းစသည့် ငတ်မွတ်ခေါင်းပါးမှုဖြစ်စေခြင်းကြောင့် အစည်းအဝေးက ဆုံးဖြတ်ချက်ချပြီး အစ္စရေးကို ထပ်မံရှုတ်ချပါတယ်။ 

လူမျိုးသုဉ်းသတ်ဖြတ်မှုအား လှုံ့ဆော်မှုအဖြစ် အစ္စရေးအရာရှိများ၏ ပြောကြားချက်အပေါ် ကြီးမားသောစိုးရိမ်ပူပန်မှုကိုလည်း ဖော်ပြခဲ့ပြီး အစ္စရေးသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန် တရားဝင် တာဝန်ကို လိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်တွင် အတားအဆီးမဲ့ လူသားချင်းစာနာမှုအကူအညီများရရှိရေး၊ ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းအရပ်သားများအတွက် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ချက်ချင်းပြန်လည်ရရှိရေးနှင့် ဂါဇာကမ်းမြောင်ဒေသမှ ရွှေ့ပြောင်းလာသူ ပါလက်စတိုင်းများအား ဂါဇာကမ်းမြောင်ဒေသအားလုံးသို့ ပြန်ခွင့်ပြုခြင်းအပါအဝင် တောင်းဆိုချက်အများအပြားကို အစ္စရေးအတွက် ချမှတ်ထားပါတယ်။ 

ထို့အပြင်၊ ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သော "အပြည်ပြည်ဆိုင်ရာ ဥပဒေအောက်တွင် အဆိုးရွားဆုံး ရာဇ၀တ်မှုများ" အတွက် တာဝန်ရှိသော လူတစ်ဦးချင်းစီအား စုံစမ်းစစ်ဆေးရန် နှင့် တရားစွဲဆိုရန်အတွက် " နိုင်ငံတကာ၊ ဘက်မလိုက်မှုနှင့် လွတ်လပ်သော နိုင်ငံတကာ ယန္တရား" ကို ထူထောင်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံကို အဲ့ဒိအစည်းအဝေးက တောင်းဆိုထားပါတယ်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ပါဝင်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီတွင် အစ္စရေးက ကြေညာခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည့် အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိပေ။


REF: CGTN

https://t.me/MyanmarNationalPost





No comments:

Post a Comment