Pages

Pages

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ “ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်







ရန်ကုန်၊ ဧပြီ ၃၀

နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများပါဝင်သည့် “ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို သေနင်္ဂဗျူဟာအဖွဲ့မှ ဦးသိန်းထွန်းဦးက Moderator ပြုလုပ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုတိယဥက္ကဋ္ဌ  ဦးသိန်းထွန်း၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်တို့မှ ဦးဆောင်ဆွေးနွေးခဲ့သည်။ 

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ဆွေးနွေးချက်များ၊ ထာဝရငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား မေးခွန်းများမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ညနေ (၄)နာရီအချိန်တွင် စကားဝိုင်းဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

အဆိုပါဆွေနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်ရီ၊ ‌ဗဟိုအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပါတီတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ သတင်းမီဒီယာများ၊ အနုပညာအသိုင်းအဝန်းမှ ပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးလိုလားသူ မိဘပြည်သူများ စုစုပေါင်းအင်အား (၁၄၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment