Pages

Pages

နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ ထပ်မံရောက်ရှိ


နေပြည်တော်၊ ဧပြီ ၁၀

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ နီပေါနိုင်ငံမှလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်းပစ္စည်းတန်ချိန် ၂၅၄၄၅ ကီလို ဂရမ်တင်ဆောင်လာသော A-330 အမျိုးအစား လေယာဉ်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် လေဆိပ်သို့ရောက်ရှိကြသည်။

အဆိုပါ ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီး H.E.Mr.Harishchandra Ghimire က လွှဲပြောင်းပေးအပ်လှူဒါန်းရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသိဏ်း နှင့်တာ၀န် ရှိသူများကလက်ခံရယူခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment