Pages

Pages

ပြည်ပမှ တင်သွင်း ခွင့်ပြုထားသော ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ


နေပြည်တော်၊ ဧပြီ   ၃

ယခုအချိန်သည်   ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍  နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများအား  အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း  လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို  ပြည့်မီစေရန်နှင့်  ပြည်တွင်းထုတ်လုပ်မှုကို  အင်အားဖြည့်တင်းပေးနိုင်ရန် အတွက် ပြည်ပမှဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေ‌ ရေယာဉ်များ စဉ်ဆက်မပြတ် ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် ၃၁၀၀ တင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့ ရွှေပြည်သာ မုတ္တမဆိပ်ကမ်းသို့  ၁-၄-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် ထပ်မံရောက်ရှိခဲ့၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့် ရေယာဉ်များပါ  အပတ်စဉ် ဆက်လက်ရောက်ရှိ လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment