Pages

Pages

ရန်ကင်းပရိယတ္တိ စာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋ ကဓမ္မပါလ မဟာဝိ ဟာရကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ၊ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီး၏ အန္တိမအဂွိစျာနသာဓုကီဠနသဘင် အခမ်းအနား ကျင်းပ




မုံရွာ၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋက ဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီးတို့၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဝံသ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း(ဗဟို)ဥက္ကဌ၊ သက်တော်(၇၂)နှစ်၊ သိက္ခာတော် (၅၂)ဝါ၏ အန္တိမအဂွိစျာ နသာဓုကီဠနသဘင် အခမ်းအနားကို ဧပြီလ ၂၅ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစရှိသည့် ၃ ဂါထာရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာလယ်တီကျောင်းတိုက်၊ နိုင်ငံတော် သံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ ကေသဝ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် မုံရွာမြို့၊ ဇောတိကာရာမကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တ ဝိဇ္ဇေဒရ ဆရာတော်ကြီးမှ ဿရဏိရ သန္ဒေသကကထာမြွက်ကြားပြီး တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဝမ်းနည်းကြောင်းသဝဏ်လွှာအား ဖတ်ကြားပူဇော်သည်။

ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ နိုင်ငံတော် သံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ ဇောတိပါလာ လင်္ကာရ ဆရာတော်ကြီးမှ “သံဝေဂဓမ္မကထာ” ဟောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရ ကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ၊ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များက ဗဟိုစံကျောင်းတော် သို့ပင့်ဆောင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment