Pages

Pages

Tiktok, Facebook အကောင့်အမျိုးမျိုးဖြင့် အကြမ်းဖက်လှုံ့ဆော်နေသူအား ဖမ်းဆီးထိန်းသိမ်း


နေပြည်တော်၊ ဧပြီ ၂၉

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “ပန်းဆု@user4277348004554" TikTok ၊ “အသဲကွဲသူမလာရ@user8882909-630503" TikTok "Nay Myo Tun" Facebook အကောင့်များပိုင်ရှင်ဖြစ်သူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရေလယ်ကုန်းကျေးရွာနေ နန်းမူအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ကော့ကရိတ်မြို့မရဲစခန်း၌ တရားဥပဒေ နှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment