Pages

Pages

အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ထားသော ဦးသူရိယနှင့် အပေါင်းအပါများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူရန် ဆောင်ရွက်နေဟုဆို


နေပြည်တော်၊ မေ ၃၁

နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ် (၂၀/၂၀၂၅) က ၂၃-၅-၂၀၂၅ ရက်နေ့တွင်  အရိယာမဏ္ဍိုင် တောရရိပ်သာ ဦးသူရိယ ပါ (၂၇)ဦးတို့၏ ဟောပြောချက်များနှင့် ပတ်သက်၍ စိစစ်ပြီး သံဂါယနာ(၆)တန်တင် ထေရဝါဒပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် မညီညွတ် သောကြောင့် အဓမ္မဝါဒဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဦးသူရိယပါ အပေါင်းအပါများက စွန့်လွှတ်ပါမည်ဟု လက်မှတ်ရေးထိုးခြင်း မရှိသောကြောင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်ရန် လွှဲအပ်ခဲ့သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက "နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ညွှန်ကြားချက်အရ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေ (၁၉၈၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၉) အခန်း ၂၊ ပုဒ်မ ၆၊ အခန်း ၃၊ ပုဒ်မ ၁၀၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က နှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၂၀/၉၀) အခန်း ၃၊ ပုဒ်မ ၁၁၊ အခန်း ၄၊ ပုဒ်မ ၁၄ တို့ဖြင့် ဦးသူရိယ ပါ ၁၇ပါး/ဦးတို့အား အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်း"  ပြန်လည်ဖြေကြားထားသည်။

ဦးသူရိယနှင့် အပေါင်းအပါများအား စောဒနာတင်ခဲ့ကြသည့် ဆရာ ဦးအောင်မြိုင်၊ ဆရာ ဦးအောင်အောင်ဇော် တို့ကို အရပ်ဘက် တရားရုံးတွင် ဦးသူရိယ၏ တပည့်များက ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။ အရပ်ဘက် တရားရုံးတွင် စောဒကများအား တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးက ဝိနိစ္ဆယမဆုံးဖြတ်ရသေးမီ အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုခြင်းအား ဆိုင်းငံ့ထားရန် (သို့မဟုတ်) ပယ်ဖျက်ရန် ဝန်ကြီးဌာန လေးခုမှ ပြည်ထောင်စုဝန်ကြီးများကို သဘောထားမှတ်ချက် ပေးပို့ခဲ့ဖူးသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment