နောက်ဆုံးတော့လည်း အစ္စရေး နဲ့ ဟားမတ်တွေ အပစ်ရပ်ရေးကို သဘောတူရတာပါပဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောက်ဆုံးတော့လည်း အစ္စရေး နဲ့ ဟားမတ်တွေ အပစ်ရပ်ရေးကို သဘောတူရတာပါပဲ


မေ - ၃၀ ( သောကြာနေ့ ) 

၂၀၂၃ အောက်တိုဘာလ ၇ ရက်နေ့က ပါလက်စတိုင်း ဟားမတ်တွေက အစ္စရေးနယ်ထဲကို ဝင်ပြီး အရပ်သားတွေ နဲ့ လုံခြုံရေး ဝန်ထမ်း ၁၄၀၀ ကျော်ကို ပစ်သတ်ပြီး လူ ၂၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။ အဲ့ဒါကို အစ္စရေးဘက်က အောက်တိုဘာ ၁၀ ရက်နေ့ကနေ စပြီး လက်တုံ့ပြန်ဖို့အတွက် ပါလက်စတိုင်းတွေ နေတဲ့ ဂါဇာဘက်ကို စစ်ဆင်ရေးတွေ စတင်ခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးမှာတော့ ပါလက်စတိုင်း အရပ်သားတွေရော ဟားမတ်တွေပါ လူ ၅ သောင်းကျော် ၆ သောင်းနီးပါးလောက် သေကျေခဲ့ရပါတယ်။ 

နှစ်ဘက် တင်းမားမှုတွေဖြစ်ပြီး အသေအကျေတွေဖြစ်ပြီးနောက်မှာတော့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံရန် အစ္စရေးရော၊ ဟားမတ်တွေကပါ သဘောတူခဲ့ကြောင်း မီဒီယာအများအပြားက ကြာသပတေးနေ့ တွင် ဖော်ပြခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု က ဂါဇာရှိ ဟားမတ်စ်များ ဖမ်းဆီးထားဆဲ ဓားစာခံများ၏ ဆွေမျိုးများနှင့် တွေ့ဆုံစဉ် အမေရိကန် အထူးသံတမန် စတိဝစ်ကော့ဖ် မှ တင်ပြသည့် လမ်းပြမြေပုံကို လက်ခံရန် အသင့်ရှိကြောင်း အချက်ပြခဲ့ပါတယ်။ အာရပ်မီဒီယာများကမူ ဟားမတ်စ်အဖွဲ့သည် ယာယီအပစ်အခတ် ရပ်စဲရေးနှင့် လဲလှယ်ကာ နယ်မြေအတွင်း ကျန်ရှိနေသည့် အစ္စရေးဓားစာခံများကို လွှတ်ပေးရန် သဘောတူညီချက်ကိုလည်း လက်ခံခဲ့ကြောင်း နောက်ပိုင်းတွင် ဖော်ပြခဲ့ပါတယ်။ 

ဟာရက်ဇ် သတင်းစာမှာ အမည်မဖော်လိုသူ အစ္စရေးအရာရှိတစ်ဦးရဲ့ အဆိုအရ ဝါရှင်တန်၏ အဆိုပြုချက်တွင် တစ်ပတ်တာကာလအတွင်း ကျန်ရှိနေသော ဓားစာခံ ၁၀ ဦးကို လွှတ်ပေးရန်နှင့် ဂါဇာတွင် ဟားမတ်စ်တို့ ထိန်းသိမ်းထားသည့် အလောင်း ၁၈ လောင်းကို ပြန်ပေးရန် မျှော်မှန်းထားကြောင်း ဖော်ပြခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် နေတန်ယာဟု အစိုးရက ရက် ၆၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြောင်း သိရပါတယ် ။

ဂျေရုဆလင်ပို့စ် သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ အမေရိကန်တွေက အစ္စရေး ကို ပိုပြီးမျက်နှာသာပေး နေတယ်။ ယာယီ ရက် ၆၀ ကြာ အပစ်အခတ် ရပ်စဲရေးကို ကို အမေရိကန်တွေက သက်တမ်းတိုးပေးနိုင်မှာ မဟုတ်ဘူးလို့  အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ရေးသားဖော်ပြခဲ့ပါတယ်။ 

ကာတာ၊ အီဂျစ်နှင့် အမေရိကန်တို့က ကြားဝင်ဖျန်ဖြေပေးထားသည့် အစ္စရေး - ဟားမတ် နှစ်ဦးကြား ဆွေးနွေးပွဲများသည် ဒိုဟာတွင် အချိန်အတန်ကြာ ပြုလုပ်နေသော်လည်း ယခုအချိန်အထိ တိုးတက်မှု အနည်းငယ်သာ ရှိပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)