Pages

Pages

အိန္ဒိယဘက်ကလည်း ပါကစ္စတန်လေယာဉ်တွေ လေပိုင်နက်ထဲကို မဝင်ဖို့ ကြေညာလိုက်ပြန်ပြီ


မေ - ၁ ( ကြာသပတေးနေ့ ) 

ကတ်ရှ်မီးယားက အကြမ်းဖက်မှုအပြီး အိန္ဒူ့ မြစ်ရေကို ပါကစ္စတန်ဖက်ကို မစီးဆင်းစေရဘူးလို့ အိန္ဒိယဘက်က ကြောညာလိုက်ပြီးနောက်မှာ ပါကစ္စတန်ကလည်း အိန္ဒိယလေကြောင်းလိုင်းတွေ ပါကစ္စတန်လေပိုင်နက်ထဲကို ဖြတ်ခွင့်မပြုတော့ဘူး လို့ကြေညာလိုက်ပါတယ်။ 

အခုလည်း အိန္ဒိယက ပါကစ္စတန် ခရီးသည်လေယာဉ်တွေ၊ စစ်လေယာဉ်တွေ နဲ့ ပါကစ္စတန် ကနေ တစ်ဆင့်ပျံသန်းမယ့် လေကြောင်းလိုင်တွေ အကုန်လုံး အိန္ဒိယ လေပိုင်နက်ကို ဖြတ်ခွင့်မပြုတော့ဘူး လို့ကြေညာလိုက်ပါတယ်။ လက်ရှိအခြေအနေအရ အိန္ဒိယအနောက်ပိုင်း နဲ့ မြောက်ပိုင်က လေယာဉ် ခရီးစဉ်တွေနဲ့ ပါကစ္စတန် အရှေ့ပိုင်းက လေယာဉ် ခရီးစဉ်တွေက ရပ်တန့်လိုက် ရတော့မဲ့ အနေအထားဖြစ်နေပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကတော့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး နဲ့ ပါကစ္စတန် ဝန်ကြီးချုပ်တို့ကို ဖုန်းဆက်ပြီး ၂ နိုင်ငံတင်းမာမှုကို လျှော့ချဖို့အတွက် နားသွင်းနေပါတယ်။ အိန္ဒိယဘက်ကတော့ လက်လျှော့မဲ့ ပုံစံမရှိသေးပါဘူး။ 


REF: ANI

https://t.me/MyanmarNationalPost

No comments:

Post a Comment