တရုတ်က ကမ္ဘာ့ ပထမဆုံး ဒရုန်းတင်လေယာဉ် ကိုပြုလုပ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်က ကမ္ဘာ့ ပထမဆုံး ဒရုန်းတင်လေယာဉ် ကိုပြုလုပ်နေ


မေ - ၂၀ ( အင်္ဂါနေ့ ) 

တရုတ်နိုင်ငံသည် ထက်ကောင်းကင် လို့ အမည်ရတဲ့ ဒရုန်းတွေကိုတင်ပြီးသွားနိုင်တဲ့ ဒရုန်းကြီး တစ်မျိုးကို ပြုလုပ်ပြီး စမ်းသပ်ပျံသန်းရန်အတွက် မစ်ရှင်များ လုပ်နေကြောင်း သိရပါတယ်။ အေအိုင် ထိန်းချုပ် ကာမီကာဇေ ဒရုန်းများကို တင်ဆောင်ထားတဲ့ ကမ္ဘာ့ပထမဆုံး "ဒရုန်းတင်လေယာဉ် ကိုပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ 

ဂျိုတေယန် သို့မဟုတ် 'ထက်ကောင်းကင်' အမည်ရ မောင်းသူမဲ့လေယာဉ် ကို ပထမဆုံးစမ်းသပ်မှုမစ်ရှင်အဖြစ် ဇွန်လကုန်တွင် အပြီးသတ်ရန် စီစဉ်ထားတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV မှဖော်ပြခဲ့ပါတယ်။ 

လေယာဉ်ပျံတက်ချိန် အမြင့်ဆုံးအလေးချိန်မှာ ၁၆ တန်ရှိပြီး တောင်ပံ ၂၅ မီတာရှိပါတယ်။ ၎င်းသည် အမြင့်ပေ (ပေ ၅သောင်း ) အထိ ပျံသန်းနိုင်ပြီး - အများအားဖြင့် တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေးစနစ်များမှ ဒုံးကျည်များရဲ့ တိုက်ခိုက်မှုထက် ပိုမိုမြင့်မားပြီး အကွာအဝေး မိုင် ၄ ထောင်ကျော် ပျံသန်းနိုင်တယ်လို့ သိရပါတယ်။  

ဂျက်အင်ဂျင်သုံး ဂျိုတေယန် သည် ကျည် ၆ တန်အထိ သယ်ဆောင်နိုင်ပြီး လေယာဉ်ကိုယ်ထည်၏ တစ်ဖက်တစ်ချက်တွင် ပစ်လွှတ်သည့် စင် နှစ်ခုမှ ကာမီကာဇေ ဒရုန်း အပါအဝင် ဒရုန်းငယ်ပေါင်း ၁၀၀ အထိ ထုတ်လွှတ်နိုင် တယ်လို့ သိရပါတယ်။ 

အဆိုပါ လေယာဉ်သည် စမ်းသပ်မစ်ရှင်များ ဆက်တိုက် ပြီးဆုံးပြီးနောက်၊ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ ၎င်းအား "ဒရုန်းမိခင် သင်္ဘော" UAV အဖြစ် ဖြန့်ကျက်ရန် စီစဉ်ထားပြီး ၎င်းတို့သည် တိုက်ခိုက်ရေး ဒရုန်းများ၏ စစ်ဆင်ရေးကို ချဲ့ထွင်ကာ ၎င်းတို့၏ တုန်လှုပ်ချောက်ချားမှု စွမ်းရည်ကို မြှင့်တင်နိုင်စေမည်ဖြစ်ပါတယ်။ ၎င်းကို ထောက်လှမ်းရေးနှင့် ကင်းထောက်တာဝန်များအပြင် အီလက်ထရွန်နစ် စစ်ဆင်ရေးများတွင်လည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)