မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ ဆဋ္ဌမအကြိမ်အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ ဆဋ္ဌမအကြိမ်အစည်းအဝေး တက်ရောက်





မော်လမြိုင် ၊ မေ ၂၉


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ချစ်ကြည်ရေးဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်၍ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ ဆဋ္ဌမအကြိမ်အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့်မြို့ပြလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်အဆင့်ဆင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (Standard Operating Procedure-SOP) ကို အတည်ပြုထုတ်ပြန်ပြီးပါက လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် SOP နှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မွန်ပြည်နယ် ကမ်းရိုးတန်းပင်လယ်ပြင်မှာ တရားမဝင် ခဲ၊ သတ္တု၊ သစ် တင်ဆောင်ကုန်ကူးသည့် သင်္ဘောများ၊ တရားမဝင် ငါးဖမ်းသင်္ဘောများ ဖမ်းဆီးရမိမှုအခြေအနေကို နေရာ၊ ဒေသအလိုက် ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် အလေးထားဆောင်ရွက်ရမည့်နေရာဒေသများ ဖော်ထုတ်နိုင်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ ညွှန်ကြားချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်အတွင်း ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ တွဲဘက်အတွင်းရေးမှူး(၁)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅ -၂၀၃၀ ဘဏ္ဍာနှစ်အတွက် ICM အစီအစဥ်ပါ ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဥ်များကို ရှင်းလင်းတင်ပြကြပြီး မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)