Pages

Pages

ယူကရိန်း အရေးမှာ အမေရိကန်က ဝင်မပါခဲ့သင့်ဘူးလို့ ထရမ့် ဆို


မေ - ၂၀ ( အင်္ဂါနေ့ ) 

မနေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းခေါ်ဆိုမှုအပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းစာရှင်းလင်ပွဲလုပ်တဲ့နေရာမှာ ရုရှား- ယူကရိန်း စစ်ပွဲထဲကို အမေရိကန်ဝင်ပါတာ အမှားကြီးလုပ်လိုက်တာပဲ၊ အရင်ကတည်းက ဝင်မပါသင့်တာလို့ ပြောလိုက်ပါတယ်။ 

"အဲ့ဒိစစ်ပွဲထဲကို အမေရိကန်ဝင်ပါတာက အရူးတွေရဲ့ လုပ်ရပ်ပါပဲဗျာ။ အဲ့ဒါက ကျနော်တို့ရဲ့ စစ်ပွဲ မဟုတ်ဘူး လေ။ အခု စစ်ပွဲကို အဆုံးသတ်နိုင်အောင်လို့ ကျနော်တို့ သံတမန်နည်းအရ ဖြေရှင်းနေပါတယ်။ ဥရောပက သူတို့ဘာသာသူတို့ဖြစ်နေတာ၊ ကျနော်တို့ရဲ့ အခွန်းထမ်းပြည်သူတွေရဲ့ ငွေတွေကို ဥရောပမှာဖြစ်နေတဲ့ စစ်ပွဲတွေထဲမှာ ဖြုန်းပစ်နေတာကို အရမ်းကိုပဲ စိတ်ပျက်မိပါတယ်" လို့ ပြောသွားပါတယ်။ 

"ဒါက ကျနော်တို့စစ်ပွဲမဟုတ်သလို ဒါက ကျနော့်စစ်ပွဲလည်း မဟုတ်ဘူး... ကျနော်ဆိုလိုတာက ကျနော်တို့ မပါဝင်သင့်တဲ့အရာတစ်ခုထဲကို ကျနော်တို့ကိုယ်တိုင် ရောယှက်မိသွားတယ်။ အဆုံးသတ်မှာ ကျနော်တို့က အများကြီးပိုကောင်းလာမှာလား ဒါမှမဟုတ် ပိုဆိုးသွားမှာလား။ အဲဒါက ပိုဆိုးလို့တော့မရဘူးလေ။ အဲဒါက တကယ့်ကို အရှုပ်ထုတ်တွေပါ" လို့ ထရမ့် ပြောသွားပါတယ်။  

အီးယူနှင့် အခြားနေတိုးနိုင်ငံများ၏ ပံ့ပိုးကူညီမှုထက် အဆမတန်များပြားသော စစ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများကို ကီယက်ဗ်အား ဝါရှင်တန်က အများကြီး စံချိန်တင် ပေးအပ်ခဲ့ကြောင်း ဆိုသွားပါတယ်။ 

"တကယ်တော့ ယူကရိန်းကို အမေရိကား က ပေးခဲ့တဲ့ ငွေကြေး ပမာဏက ရူးချင်စရာကောင်းလောက်ကို အများကြီး ပေးခဲ့တာပါ။ ကျနော်တို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်သင့်တယ်။ ဘယ်လောက်တောင်များ ပေါများနေသလဲလို့၊ မြေပြင်အနေအထားကို သိသင့်ပါတယ်ဗျာ" လို့ ဆိုသွားပါတယ်။

"နောက်တစ်ချက်ပြောရရင် ယူကရိန်းပဋိပက္ခက ဥရောပနဲ့ပဲဆိုင်တယ်။ ဥရောပအခြေအနေက ဥရောပမှာပဲရှိသင့်တယ်။  ဒါပေမဲ့ ကျွန်တော်တို့က ဥရောပထက် အများကြီး ပိုပါဝင်ခဲ့တယ်။  ဘာဖြစ်လို့လဲဆိုတော့ အရင် အစိုးရက လုပ်သင့်လုပ်ထိုက်တာကိုမလုပ်လို့ ကျနော်တို့ ပြင်းပြင်းထန်ထန် ခံစားခဲ့ရလိုက်တာပါပဲ ကျွန်တော်တို့က ပမာဏအများကြီး ပေးခဲ့ရတယ်၊ စံချိန်တင်သတ်မှတ်ထားတဲ့ ပမာဏ၊ လက်နက်နဲ့ ငွေတွေရောလို့ ကျွန်တော်ထင်ပါတယ်"လို့ ဆိုပါတယ်။  

"သူတို့မှာ ပြဿနာအကြီးကြီးတစ်ခု ရှိနေတယ်။ အဲဒါက ကြောက်စရာကောင်းတဲ့ စစ်ပွဲပါပဲ။ ဒေါသပမာဏ၊  မုန်းတီးမှုပမာဏ၊ သေဆုံးမှုပမာဏ အများကြီးကို ဖြစ်ပေါ်စေတတ်တဲ့ စစ်ပွဲကြီးပါပဲ။ အဲဒီမှာ ဖြစ်ခဲ့တဲ့အရာတွေကနေ ပြောင်းလဲဖို့အတွက် အရမ်းခက်ခဲတဲ့အဆင့်ကို ရောက်နေပါပြီ" လို့ ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment