Pages

Pages

ဗုဒ္ဓ နေ့

 


ဗုဒ္ဓ နေ့


မြတ်စွာခြေရင်း ကျောခင်းကုသိုလ်

မေဓာရသေ့ ဖြစ်လေ့ငါ့လို

ဗျာဒိတ်စကား မြွက်ကြားရှင်ဆို

ဒီလပြည့် ထူးသည့်နေ့မှာကို ။


နှစ်သက္ကရာဇ် ခြောက်ရှစ်မဟာ

ဒေဝ၊ကပိ ကြားရှိနေရာ

လုမ္ဗိနီတော ရောက်သောအခါ

လောင်းလျာဖွား နေ့ကားထူးခဲ့တာ။


သဗ္ဗညုတ ထူးလှဉာဏ်တော်

ပု၊ဒိ၊အာပြည့် ရသည့်ချိန်ပေါ်

တွင်းပြင်နှစ်ပါး ရန်အားနိုင်သော်

မြတ်ဗုဒ္ဓ ဖြစ်ရဒီနေ့နော် ။


ဝါလေးဆယ့်ငါး မနားအရှင်

သတ္တဝါကျိုး သယ်ပိုးရင်းပင်

မလ္လာများမင်း အင်ကြင်းတောတွင်

နိဗ္ဗာန်ပြု ယခုနေ့မှာပင် ။


ဗျာဒိတ်၊ပွင့်၊ဖွား စံသွားနေ့ဆို

ကဆုန်လပြည့် ထူးသည့်ချိန်ကို

ညောင်ရေသွန်းလောင်း ထပ်ပေါင်းကုသိုလ်

ဗုဒ္ဓနေ့ မမေ့ပူဇော်ကြို ။    ။


ရန်ငြိမ်းကျော်(သုံးဆယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment