ပါကစ္စတန်မှာ လူ ၁၁သန်းလောက် ငတ်နေကြပြီလို့ ကုလသမဂ္ဂ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပါကစ္စတန်မှာ လူ ၁၁သန်းလောက် ငတ်နေကြပြီလို့ ကုလသမဂ္ဂ ဆို


မေ - ၂၀ ( အင်္ဂါနေ့ ) 

ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်က အိန္ဒိယနဲ့ စစ်ပြိုင်ဖို့ကြိုးစားနေချိန်မှာ ပါကစ္စတန်မှာရှိတဲ့ ပြည်သူ ၁၁ သန်းကျော်က အစားအသောက်မလုံလောက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတစ်ခုမှာ ဖော်ပြပါရှိပါတယ်။ 

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ မေလ ၁၆ ရက် သောကြာနေ့တွင် ထုတ်ပြန်သည့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဆိုင်ရာ အစီရင်ခံစာ ၂၀၂၅ မှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အဆိုပါ အစီရင်ခံစာသည် ပါကစ္စတန်နိုင်ငံ၊ အထူးသဖြင့် ပဋိပက္ခဒဏ်ခံရပြီး ဆင်းရဲနွမ်းပါးသည့် ဒေသများဖြစ်သည့် ဘာလိုချစ်စတန်၊ ဆင်ဒဟာနဲ့ ပတ်ခ်သွန်ခဝါ တို့တွင် ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ် လို့ ဆိုပါတယ်။  

အစီရင်ခံစာအရ လူပေါင်း ၁.၁ ကုဋေသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး ၁၇ သိန်းဝန်းကျင်မှာ အရေးပေါ်အခြေအနေအဖြစ် FAO မှ သတ်မှတ်ထားပြီး အငတ်ဘေးမှ ခြေတစ်လှမ်းသာဝေးတော့တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်၏ စားနပ်ရိက္ခာအကျပ်အတည်းသည် ဆက်လက်တည်မြဲနေရုံသာမက ပိုဆိုးလာသည်ကို ညွှန်ပြနေသည့် အဆိုပါ ကိန်းဂဏန်းများသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အစားအစာမဖူလုံသည့် လူဦးရေလွှမ်းခြုံမှု ၃၈% အထိ သိသိသာသာ တိုးလာတယ်လို့ သိရပါတယ်။


REF: News 18

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)