Pages

Pages

ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားကို တက်မယ့် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ လုံခြုံရေး ကို အာမမခံနိုင်ဘူးလို့ ဇီလန်စကီး ပြော


မေ - ၃ ( စနေနေ့ ) 

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီးက မော်စကိုမြို့မှာ ကျင်းပတဲ့ မေလ ၉ ရက် အခမ်းအနားမှာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို အာမခံချက်မပေးနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ အောင်ပွဲနေ့ အပစ်အခတ်ရပ်စဲရေးအတွက် ရုရှား၏အဆိုပြုချက်ကို “ဇာတ်လမ်းတွေထွင်နေတာပါ ” လို့ ဆိုလိုက်ပါတယ်။ 

အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက် များကို ကိုးကား၍ မေလ ၈ ရက်မှစတင်ကာ အပစ်အခတ်ရပ်စဲရေး အား သုံးရက်ကြာ ခေတ္တရပ်နားထားကာ ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားများကို ဆက်လက်လုပ်ဆောင်ရန် ကြေညာခဲ့ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလာရော့ဗ် က အဆိုပါ လုပ်ဆောင်ချက်သည် “ကိယက်ဗ်အစိုးရ နဲ့ တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှု စတင်ခြင်း အလားအလာဖြစ်တယ်” လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကိယက်ဗ်အစိုးရ က ရက် ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခဲ့ပါတယ်။ 

စနေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇီလန်စကီးက အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး "နှစ်ရက်သုံးရက်အတွင်း စစ်ပွဲကိုအဆုံးသတ်ဖို့ နောက်ထပ်ခြေလှမ်းတွေအတွက် အစီအစဉ်တစ်ခုတည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သိပ်ပြီးလေးနက်တဲ့ပုံမပေါ်ပါဘူး... ဒါက သူ့တို့ဖက်က ဇာတ်လမ်းတွေထွင်နေတာပါ။ အဲ့ဒိထက်မပိုပါဘူး" လို့ ရုရှား သမ္မတပူတင်ကိုရည်ညွှန်းပြီး ပြောသွားပါတယ်။ 

"ကျနော်ပြောချင်တာက ရုရှားတွေက သူတို့ရဲ့ အထီးကျန်ဆန်မှုကနေ လွတ်မြောက်ဖို့အတွက် မေလ ၉ ရက်နေ့ပွဲကို လုပ်ပြီး သူတို့ရဲ့ မိတ်ဆွေတွေကို ဖိတ်ကြားထားတာပါ။ ဒီမှာ စစ်ဖြစ်နေပြီ ဆိုတာကို ပြဖို့ ဒါမှမဟုတ်ရုရှားတွေက အပစ်ရပ်ရေးကို လိုလားကြောင်းပြဖို့အတွက်ပဲ ဖြစ်ပါတယ်။ ပြောချင်တာကဗျာ သူတို့တွေက ကျနော်တို့ကို ဗီလိန်စာရင်းထဲရောက်အောင် လုပ်ချင်နေတာပါ" လို့ပြောသွားပါတယ်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ အပစ်ရပ်ရေး သဘောတူညီချက်ကို ယူကရိန်းဘက်က အကြိမ်ကြိမ် ချိုးဖောက်နေတယ်လို့ စွပ်စွဲထားတာရှိပါတယ်။ 


Ref : RT

https://t.me/MyanmarNationalPost

No comments:

Post a Comment