Pages

Pages

အစ္စရေးက ဆီးရီးယား သမ္မတနန်းတော်နားကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်


မေ- ၂ ( သောကြာနေ့ ) 

ဒရုဇီ လူနည်းစုများအပေါ် အကြမ်းဖက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယားရှိ သမ္မတအိမ်တော်အနီးတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အစ္စရေးက သောကြာနေ့တွင် ပြောကြားခဲ့သည်။ “မကြာသေးမီက ဒမတ်စကတ်ရှိ အာမက်ဟူစိန် အယ် ရှာရာ ၏ နန်းတော်အနီးရှိ ဧရိယာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ အတိုချုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အယ်ရှာရာ သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် သမ္မတ ဘာရှာအာဆက် ကို ဖြုတ်ချခဲ့သော အစ္စလာမ္မစ် မဟာမိတ်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။ ဆီးရီးယားအနောက်ဘက်ရှိ မြို့တော်နှင့် အခြားမြို့များကို လျင်မြန်စွာ သိမ်းပိုက်မှုမှာ ဒရူဇီ ခရစ်ယာန်များနှင့် အာဆတ်သစ္စာခံများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပေါ်ခဲ့သည်။ 

ဆိုရှယ်မီဒီယာတွင် အမျိုးသားတစ်ဦးက တမန်တော်မိုဟာမက်အား ဝေဖန်သည့်အသံဖိုင်တစ်ခု ပျံ့နှံ့ခဲ့ပြီးနောက် ဒမတ်စကတ်တောင်ဘက်ရှိ ဂျာရာမာနာ နှင့် ဆာဟာနာရာ  မြို့များတွင် တနင်္လာနေ့က ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နှင့် ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်  တို့သည် သောကြာနေ့က ပူးတွဲ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး IDF ၏တိုက်ခိုက်မှုများသည် ဆီးရီးယားအစိုးရအတွက် ရှင်းလင်း ပြတ်သားသော သတင်းစကားတစ်ခုဖြစ်ကြောင်း ဆိုခဲ့သည်။ ဒရူဇီ အသိုက်အဝန်းကို မည်သည့် ခြိမ်းခြောက်မှုမျှ ပြုလုပ်ခွင့်မပြုရပါ တကယ်လို့ ပြုလုပ်ခဲ့တယ်ဆိုရင် ဒမတ်စကတ်တောင်ဘက်သို့ တပ်ဖွဲ့ဝင်များစေလွှတ်ခြင်းကို ပြုလုပ်မယ်လို့ ၎င်းတို့ကဆိုပါတယ်။  

ဒရူဇီလူမျိုးများ သည် အစ္စလမ်ဘာသာ အဝန်အဝိုင်း အပြင်မှာရှိနေတဲ့ လူနည်းစု ဘာသာရေးအုပ်စုဖြစ်ပြီး ဆီးရီးယားလူဦးရေ၏ ၃ ရာခိုင်နှုန်းခန့်ရှိသည်။ ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ ဒရူဇီ  အချို့က အစ္စရေး ကို အကာအကွယ်ပေးပါရန် တောင်းဆိုခဲ့သည်။ IDF သည် ဒီဇင်ဘာလတွင် အာဆတ် ကျဆုံးပြီးနောက် မကြာမီ ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ကူနီထရာမြို့  အပါအဝင် ဂိုလန်ကုန်းမြင့်ဘက်ရှိ မြို့အများအပြားကို သိမ်းပိုက်ခဲ့သည်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment