ဗန်းမော်မြို့နယ်အတွင်း တပ်မတော်မှ ရဟတ်ယာဉ်တစ်စီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ် စက်ချို့ယွင်း၍ ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမော်မြို့နယ်အတွင်း တပ်မတော်မှ ရဟတ်ယာဉ်တစ်စီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ် စက်ချို့ယွင်း၍ ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွား


နေပြည်တော်၊ မေ ၂၀

ယနေ့ နေ့လယ်ပိုင်းတွင် တပ်မတော်မှ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များသည် ဗန်းမော်မြို့နယ်အတွင်းရှိ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းများရှိတပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့်အုပ်ချုပ်မှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ သွားရောက်ပို့ ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာလာစဉ် ရဟတ်ယာဉ် တစ်စီးသည် ဗန်းမော်မြို့၏ အနောက်တောင်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာသို့ရောက်ရှိစဉ် ရုတ်တရက်စက် ချို့ယွင်းမှု ဖြစ်ပွားကာ မတော်တဆပျက်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျခဲ့မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရဟတ်ယာဉ်ပျက်ကျသည့်နေရာ တစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)