Pages

Pages

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်အား လက်ခံတွေ့ဆုံ

 




နေပြည်တော်၊ မေ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်အား ၃၀-၅-၂၀၂၅ ရက် (သောကြာနေ့)၊ ၁၄၀၀ နာရီအချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုမြှင့်တင် သွားရေး၊ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ ငလျင်ဒဏ် ကယ်ဆယ်ရေးလုပ်ငန်းများအပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား အရှိန်အဟုန်မြှင့်တင်သွားရေးနှင့် အာဆီယံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြပါသည်။ ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မန္တလေးငလျင် ဖြစ်ပေါ်ခဲ့သည့်ကာလအတွင်း ထိုင်းပြည်သူပြည်သားများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ခဲ့မှုများအပေါ် ကျေးဇူးတင်ရှိ သည့်အနေဖြင့် ဂုဏ်ပြုအမှတ်တရတံဆိပ်များအား ထိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ 

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment