နေပြည်တော်၊ မေ ၃၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၂၆ ရက်နေ့ ၂၃၄၅ အချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမှ ရန်ကုန်သို့မောင်းနှင်လာသည့် YUTONG အမျိုးအစား ခရီးသည်တင် EXPRESS ယာဉ်ပေါ်ပါ ခရီးသည် မနန်းအေးဟွမ်၊ မနန်းရွှေပွင့်(ခ)မခမ်းမော်၊ မမိုးပွင့်ဖြူ(ခ)ယွန်းယွန်း၊ မနန်းအေးအီ နှင့် စိုင်းအိုက်ရွှေအောင် တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၅၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
မနန်းအေးဟွမ်(၃၇)နှစ်၊ မနန်းရွှေပွင့်(ခ)မခမ်းမော်(၄၅)နှစ်၊ မမိုးပွင့်ဖြူ (ခ)ယွန်းယွန်း(၃၃)နှစ်၊ မနန်းအေးအီ(၄၁)နှစ် နှင့် စိုင်းအိုက်ရွှေအောင်(၄၅)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment