Pages

Pages

တောင်တက်ရင်းက ကန်ဒေါ်လာ ၈ သိန်းတန်တဲ့ ရတနာသိုက်ကိုတွေ့


မေ - ၄ ( တနင်္ဂနွေနေ့ ) 

ချက်သမ္မတနိုင်ငံရှိ တောင်တက်သမားများသည် ကန်ဒေါ်လာ ၈သိန်းနီးပါလောက်တန်တဲ့ ရတနာသိုက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ပေါ့ကရာကိုနိဆီ တောင်များကို စူးစမ်းလေ့လာနေစဉ်တွင် ရွှေဒင်္ဂါးပြားများ၊ လက်ဝတ်ရတနာများ၊ စီးကရက်ဘူးများနှင့် ခုနစ်ကီလိုဂရမ်အလေးချိန်ရှိသော အခြားတန်ဖိုးကြီးပစ္စည်းများကို တွေ့ခဲ့ကြပါတယ်။ အဆိုပါရတနာကို ဖေဖော်ဝါရီလတွင် တွေ့ရှိခဲ့သော်လည်း မကြာသေးမီကမှ ထုတ်ဖော်ပြသခဲ့တာပါ။ 

အနက်ရောင်အဝတ်စ နဲ့ ထုပ်ထားတဲ့ ရွှေဒင်္ဂါးပေါင်း ၅၉၈ ပြားပါရှိတဲ့ အလူမီနီယံ ပုံးတစ်လုံးကို တောင်တက်သမားတွေက ကနဦးမှာ တွေ့ရှိခဲ့တာပါ။ ပြီးမှ အနီးနားမှာရှိတဲ့  သံသေတ္တာတစ်လုံးထဲမှာ နောက်ထပ် ဗူး ၁၆ ဗူးကို တွေ့ရတာပါ ။ ရွှေနဲ့လုပ်ထားတဲ့ လက်ကောက် ၁၀ ကွင်း ၊ ဝါယာကြိုးအိတ်၊ ခေါင်းဖြီး၊ ရွှေဆွဲကြိုးနှင့် ပေါင်ဒါဗူး တွေကို တွေ့ခဲ့ပါတယ်။ တွေ့ရတဲ့ ဒင်္ဂါတွေကတော့ရွှေဒင်္ဂါးတွေဖြစ်ပြီး ကျန်းပစ္စည်းတွေကတော့ခွဲခြမ်းစိတ်ဖြာရဦးမှာဖြစ်ပါတယ်။ “လက်ရှိပေါက်ဈေးအရ ကန်ဒေါ်လာ ၈ သိန်းနီးပါးတန်ဖိုးရှိပြီး  ရတနာ၏ သမိုင်းတန်ဖိုးကတော့ တွက်ချက်၍မရနိုင်ပါ။" လို့ သမိုင်းပညာရှင်တစ်ဦးကဆိုပါတယ်။ 


REF: News 18

https://t.me/MyanmarNationalPost

No comments:

Post a Comment