မြောက်ဥက္ကလာပ၊ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ၊ သူနာပြုသင်တန်းကျောင်း၏ အပတ်စဉ် (၄၉) သူနာပြုဒီပလိုမာသင်တန်း သင်တန်းသား/သူများ၏ အမျိုးသား၀တ် စုံ နှင့် ဦးဆောင်း ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ သူနာပြုသင်တန်းကျောင်း၏ စီမံခန့်ခွဲရေး ဥက္ကဋ္ဌ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား ကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က ဆုံးမဩဝါဒအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန ၊သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နီစိုး ကအမျိုးသား၀တ်စုံ ဦးဆောင်း ပေးအပ်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ပထမနှစ်သင်တန်းသား၊သင်တန်းသူ များကို အမျိုးသား၀တ်စုံ နှင့် ဦးဆောင်းများကို တာ၀န်ရှိသူများက တစ်ဦးချင်း အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ အမျိုးသား၀တ်စုံ နှင့် ဦးဆောင်းလက်ခံပြီးဖြစ်သော သင်တန်းသား ၊ သင်တန်းသူ များမှ သူနာပြု သစ္စာအဓိဌာန် ပြုခဲ့ကြပြီး ၂၀၂၃ ပညာသင်နှစ် မှ ၂၀၂၄ ခုနှစ် First Semester End Test ထိ ထူးချွန်ဆု နှင့် ၂၀၂၅ ပထမနှစ် First Semester End Test ထိ ထူးချွန်ဆုရ သင်တန်းသား ၊ သင်တန်းသူများအား ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။ ယင်းနောက် အမျိုးသား၀တ်စုံ နှင့် ဦးဆောင်းလက်ခံရ ရှိသော သင်တန်းသား /သူများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသား/သူများက ကရုဏာလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းမြင့် ၊ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါ်မိုး၀င့်အောင် ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ ၊ သူနာပြုသင်တန်း ကျောင်း၏ စီမံခန့်ခွဲ ရေး ဥက္ကဋ္ဌ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံ၊မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား ကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင် ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား ကောင်စီ မှ ဗဟိုအမှူ ဆောင်အဖွဲ့၀င် ဒေါ်ခင်မာချို ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း မှ တွဲဖက်အတွင်းရေးမှူး ဒေါ်လဲ့လဲ့၀င်း ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား အသင်း ဗဟိုအလုပ်မှု ဆောင် ဦးခင် မောင်၀င်း ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား အသင်းမှ ဗဟို အလုပ်မှုဆောင် ဦးကျင်လျန်လွန်း၊ ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ဒေါက်တာ အေးအေး အောင် ၊ သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နီစိုး ၊သူနာပြုအုပ်များ ၊ ဒုတိယ သူနာပြုအုပ်များ ၊ဆေးရုံကြီးလူနာဆောင်မှသူနာပြုဆရာမကြီးများ၊ သင်တန်းသား ၊ သင်တန်းသူများ စုစုပေါင်း အင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost











No comments:
Post a Comment