Pages

Pages

မြောက်ဥက္ကလာပမြို့နယ်၌ ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ



မြောက်ဥက္ကလာပ၊  မေ  ၂၀

‌ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ် စုရပ်နေရာများတွင် ရောင်းချ ပေးခဲ့ကြသည်။

ထို့သို့ ရောင်းချ ပေးရာတွင် ကြက်ဥ တစ်လုံး ၃၆၅ ကျပ် နှုန်းဖြင့် ကြက်ဉ အလုံးရေ ၂၁၀၀၀ လုံးအား မြို့နယ်အတွင်းရှိ(ဌ)ရပ်ကွက်၊ သစ္စာပန်းလမ်း၊ (ဈ)ရပ်ကွက်၊ ဘုမ္မာလမ်း၊ (ရွှေပေါက်ကံ၂၁)ရပ်ကွက်၊ ပေါက်ကံလမ်း၊ (ခ)ရပ်ကွက်၊ မဇ္ဈေလမ်း ရပ်ကွက်များအလိုက် တာဝန်ရှိသူများက စနစ်တကျ ဖြန့်ဝေ ရောင်းချပေးရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ စည်ပင်သာယာရေးဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment