Pages

Pages

ကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် ဆီးကျိတ်ကင်ဆာဝေဒနာကို အသည်းအသန်ခံစားနေရ



မေ - ၂၀ ( အင်္ဂါနေ့ ) 

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်သည် ၎င်း၏အရိုးများသို့ ပျံ့နှံ့ရောက်ရှိသွားသည့် ပြင်းထန်သော ဆီးကျိတ်ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ၎င်း၏ရုံးက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။ အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်သော ဘိုင်ဒန်မှာ ဆီးကျိတ်ပေါ်၌ အဖုအကြိတ်တစ်ခု ပေါ်လာသည်ဟု ဆေးဘက်ဆိုင်ရာ အကဲဖြတ်ချက်တွင် ထပ်မံဖော်ပြခဲ့သည်။ နောက်ဆက်တွဲစစ်ဆေးမှုများသည် Gleason အဆင့် ၉  ဖြင့် အဆင့်မြင့်သော ဆီးကျိတ်ကင်ဆာရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပြင်းထန်ပြီး ကြီးထွားမှုမြန်ဆန်သော ကင်ဆာအမျိုးအစားကို ညွှန်ပြသည့် အန္တရာယ်အမြင့်ဆုံး အမျိုးအစားဖြစ်တယ်လို့ သိရပါသည်။ 

“ဒီသတင်းဟာ အမေရိကား မှာ ဆီးကျိတ်ကင်ဆာရဲ့ ကြေကွဲဖွယ် အကျိုးသက်ရောက်မှုတွေအကြောင်း သတိပေးချက်တစ်ခုပါပဲ” လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်း မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "စောစီးစွာသိရှိနိုင်မှုသည် အဓိကဖြစ်ပြီး၊ ဆီးကျိတ်ကင်ဆာကြောင့် သေဆုံးခြင်းမှ ကာကွယ်ရန် အရေကြီးပြီး၊ အမေရိကားမှာ တစ်နှစ်ထက်တစ်နှစ် ၅% တိုးလာလို့ စိုးရိမ်နေရပါတယ်" ဟု ဆိုသည်။

 

REF: SCR journal

https://t.me/MyanmarNationalPost

No comments:

Post a Comment