Pages

Pages

မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ







မြောက်ဥက္ကလာပ၊ မေ  ၂၉

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တွင်ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး   (Pfizer) ထိုးနှံပေးခြင်းကို  မေ ၂၆ ရက်နေ့မှ စတင်၍ ထိုးနှံ ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံး တွင် ဆက်လက် ထိုးပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ ၊ သက်ကြီးရွယ်အိုများ ၊ ဌာနဆိုင်ရာများအား  ကာကွယ်ဆေးရရှိသည့်အပေါ်မူတည်၍ ဦးတည်အုပ်စုအလိုက် ကိုဗစ်  ၁၉ ကာကွယ်ဆေး  (Pfizer) ကို ရုံးချိန်အတွင်း ထိုး နှံပေးလျှက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment