Pages

Pages

ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အတည်ပြု ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက ဖြန့်ဝေပေးမည်



နေပြည်တော်၊ မေ ၂၀

ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတင်းဌာနမှ မေးမြန်းသည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အတည်ပြု ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အတည်ပြု ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက ပုံနှိပ်ထုတ်ဝေ၍ အစိုးရဌာနအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကော်မရှင်အဖွဲ့ခွဲများသို့ ဖြန့်ဝေမည်ဖြစ်ပါသည်။ ထို့အတူ အများ ပြည်သူ လေ့လာဖတ်ရှုနိုင်ရန် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်း ဖော်ပြခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website ဖြစ်သော www.uec.gov.mm တွင် လွှင့်တင်ဖော်ပြခြင်း၊ နိုင်ငံပိုင် သတင်းမီဒီယာများမှတစ်ဆင့် အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် သတင်းဌာနများ အပါအဝင် လေ့လာလိုသူများ ဝယ်ယူဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားထားခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment