Pages

Pages

ကြံခင်းမြို့နယ်၌ မိုးရာသီ(အကြို) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပ





ကြံခင်း၊ မေ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ မြို့နဘ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီ(အကြို) စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကြံခင်းကြိုးဝိုင်း၊ ကွင်းအမှတ် (၅၀)၊ ပုသိမ်-မုံရွာ လမ်းမိုင်တိုင်အမှတ် (၁၀၁/၅) တွင်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊  ဒေသခံတောင်သူများ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ အတွင်း‌ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ‌ဒေါ်စိုးစိုးတင့်နှင့် မြို့နယ်သစ်တောဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း တို့က သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်လာ ကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ဒေသခံပြည်သူများထံသို့ ပေးအပ်ပြီး ပျိုးပင်များပေးအပ်ပြီး တစ်ပျော်တစ်ပါး စုပေါင်း စိုက်ပျိုးကြပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်တော၊ သစ်ပင်တန်ဖိုးများအား အလေးထားသိရှိနိုင်စေရေးနှင့် ရာသီဥတု သင့်တင်မျှတ ကောင်းမွန်စေရေး၊ အပူဒဏ် ကာကွယ်နိုင်ရေး စသည့်ရည်ရွယ်ချက်များစွာဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်များကို  ကျင်းပစိုက်ပျိုးလျက်ရှိကြရာ  ကြံခင်းကြိုးဝိုင်း ကွင်း အမှတ် (၅၀)တွင် ကျွန်း (၂၀၀) ပင်၊ ပျဉ်းကတိုး (၁၀၀) ပင်၊ ပိတောက် (၂၁၀) ပင်နှင့် ယမနေ (၃၀၀) ပင် စုစုပေါင်း (၈၁၀) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment