တတိယကမ္ဘာစစ်နဲ့ လာမခြောက်နဲ့လို့ အမေရိကန်သံတမန်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တတိယကမ္ဘာစစ်နဲ့ လာမခြောက်နဲ့လို့ အမေရိကန်သံတမန်ဆို


မေ - ၂၈ ( ဗုဒ္ဓဟူးနေ့ ) 

ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သမ္မတဟောင်း မက်ဗီဒက်ဗ် က အမေရိကန်အနေနဲ့ ရုရှားနဲ့ ထိပ်တိုက်တွေ့ဖို့ကြိုးစားနေတယ်ဆိုရင် တတိယကမ္ဘာစစ် ဖြစ်အောင်လုပ်နေတာပဲလို့ မှတ်ချက်ပေးတဲ့ အပေါ်မှာ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကိသ်ကယ်လောဂျ် က မက်ဗီဒက်ဗ်က ကြောင်တောင်တောင်ဖြစ်နေပြီလား၊ အမေရိကန်ကို တတိယကမ္ဘာစစ်နဲ့ လာခြောက်လို့ မရဘူးလို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။

"တတိယကမ္ဘာစစ် စကားလုံးက ကြောက်လန့်စေတတ်တဲ့အရာဆိုပေမဲ့ အဲ့ဒါက လူသားတွေအတွက် ကံဆိုးမှု တစ်ခုဖြစ်သွားမှာပါ။ အဲ့ဒိလို မဆင်မခြင် ထင်မြင်ချက်တွေ ပေးစရာမလိုပါဘူး။ သမ္မတ ထရမ့်က လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကို ရပ်တန့်သွားအောင်၊ သတ်ဖြတ်မှုတွေကို အဆုံးသတ်သွားအောင် ကြိုးစားနေတာပါ" လို့ သူ့ရဲ့ အိတ်စ် ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

အမေရိကန်သမ္မတထရမ့်က ရုရှား သမ္မတပူတင်ကို “မီးနဲ့ ကစားနေတယ်” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးတင်တာနဲ့ ပတ်သက်ပြီး မက်ဗီဒက်ဗ်က “ရုရှားမှာ တကယ်ဆိုးရွားတဲ့အရာတွေ ဖြစ်နေတယ်လို့ ထရမ့်က ဆိုတယ်။ ဟုတ်တယ် အဲ့ဒါက တတိယကမ္ဘာစစ်ပဲ၊ ဒါကို ထရမ့်နားလည်မယ်လို့ မျှော်လင့်ရပါတယ်” လို့ ပြန်ပြီးတော့ ရေးတင်လိုက်တာပါ။ 

မက်ဗီဒက်ဗ်က စကားပြောရင် ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပြောတတ်လေ့ရှိပါတယ်။ အပစ်ရပ်ရေး နဲ့ ပတ်သက်ပြီး ယူကရိန်းအနေနဲ့ ရုရှားက အကြံပြုထားတာတွေကို လက်မခံဘူးဆိုရင် လက်ရှိအစိုးရက နောက်ဆုံး အစိုးရဖြစ်သွားမယ်ဆိုပြီး ပြောထားတာလည်း ရှိပါတယ်။ စေ့စပ်မှုကို လက်မခံရင် ပိုမိုဆိုးဝါးတဲ့ စစ်ပွဲနဲ့ပဲ တွေ့ရမှာပါတို့ ၊ တတိယကမ္ဘာစစ်နဲ့ အလောင်းအစားလုပ်ချင်တာလား တို့ လို့ စကားလုံးတွေကို သုံးခဲ့ပါတယ်။ အဲ့ဒိလိုပြောရတာကလည်း ထရမ့်က အပစ်ရပ်ရေး ကိစ္စမှာ အမေရိကန်ရဲ့ စေ့စပ်မှုကို ရုရှား က မလိုက်နာရင် ပိတ်ဆို့မှု အသစ်တွေနဲ့ တွေ့သွားဦးမယ်လို့ ထရမ့်ပြောခဲ့တဲ့ စကားကြောင့်ပဲ ဖြစ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)