Pages

Pages

ပေါင်မြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား အောင်နိုင်တိုး အထွက်တိုးမျိုးစပါးများပေးအပ်




ပေါင်၊ မေ ၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား အောင်နိုင်တိုး အထွက်တိုးမျိုးစပါးများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ‌ကျုံဟော်ကျေးရွာ ၌‌ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ကျုံဟော်ကျေးရွာရှိ ထွန်းသစ်ရွှေဝါစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးမည့် တောင်သူ(၁၁)ဦး၏ စိုက်ဧက(၃၃)ဧကအတွက် (၁)ဧကလျှင် အောင်နိုင်တိုးမျိုးစပါး(၁)တင်းနှုန်းဖြင့်မျိုးစပါး(၃၃တင်းကိုကျုံ‌‌ ဟော် ကျေးရွာ မိုးစပါးစိုက်အသင်းသားတောင်သူများသို့ ပေါင်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းယု နှင့်ဝန်ထမ်းများမှပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment