KNDF အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းထူထောင်ခြင်း (၄) နှစ်ပြည့်နေ့ အခမ်းအနားသို့ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့ (၃)ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

KNDF အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းထူထောင်ခြင်း (၄) နှစ်ပြည့်နေ့ အခမ်းအနားသို့ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့ (၃)ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့




ကယားပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ အစဉ်တစိုက် လုပ်ဆောင်နေသော KNDF အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းထူးတောင်ခြင်း (၄)နှစ်ပြည့်နေ့ အခမ်းအနားသို့  ၂၀၂၅ ခုနှစ်၊ မေလ (၃၁) ရက်နေ့ ရက်စွဲဖြင့် MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့ (၃)ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ထားသည်ကို တွေ့ရသည်။

MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့ (၃)ဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကာလရှည်ကြာ လုပ်ဆောင်ခဲ့ပြီး ယခုအခါ AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်တွင်း လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

KNDF အကြမ်းဖက်အဖွဲ့သည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နန်နိမ့်ကျေးရွာမှ ဘုန်းတော်ကြီး အပါအဝင် ပအိုဝ်းဒေသခံ (၂၂)ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအပါအဝင် လွိုင်ကော်တက္ကသိုလ် ကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးပြီး ဆရာ/ ဆရာမများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြမ်းဖက်လုပ်ရပ်များကိုလည်း ကျူးလွန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)