Pages

▼

Pages

▼

ရွှေတောင်မြို့နယ်အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်းတွင် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေး



ရွှေတောင်၊ ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းတွင် ဇွန်လ ၁၃ရက် နံနက်ပိုင်းက ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန(အနောက်ပိုင်း)ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် ခရိုင်ဦးစီးမှူးဦးအောင်စိုးမိုး၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးတို့သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား/သူများပြည့်မီစွာတက်ရောက်နိုင်ရေးနှင့် တက်ရောက်နေဆဲကျောင်းသား/သူများကို နှစ်ဆုံးထိပညာသင်ကြားရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ 

ဆက်လက်၍ ကျောင်းသား/သူများ၊ သင်ကြားရေးဆရာ/မများ၏အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများ၊ သင်ကြားရေးဆရာ/မများအတွက်ခေါက်ဆွဲခြောက်(၃၀၀)ထုပ်၊ ကြက်ဥ(၃၀၀)လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment