Pages

Pages

အိန္ဒိယမှာ ကိုဗစ်ရောဂါပြန်ဖြစ်နေတယ်လို့ ဝန်ကြီးဌာနပြော



ဇွန် - ၃ ( အင်္ဂါနေ့ ) 

ပြီးခဲ့တဲ့ လကတည်းက ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရက်စ်ကြောင့်ဖြစ်တဲ့ ကိုဗစ်ရောဂါက အသေအပျောက်တွေ တိုးလာတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။ 

အခုဆိုရင် လူပေါင်း ၃၉၆၁ ဦး ရောဂါဖြစ်ပွားနေပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၃၂ ဦးရှိနေပါပြီ။ လူ ၅ ဦးကတော့ ရောဂါကူးစက်ခံရပြီး တစ်ရက်မကူးခင်မှာပဲ သေဆုံးသွားပါတယ်။ သေဆုံးသူတွေထဲမှာ အသက်၈၀ ကျော် ရင်ကျပ်ရောဂါ ခံစားနေရတဲ့ အဘွားအိုတစ်ယောက်ပါသလို ကျန်တဲ့‌ ၄ ယောက်ကလည်း အသက်ကြီးပိုင်း အမျိုးသမီးတွေ ပဲ ဖြစ်ပါတယ်။ ကီးရာလားပြည်နယ်မှာ ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး လူပေါင်း ၁၄၁၆ ဦး ဖြစ်ပါတယ်။ 


Ref: mohFW

https://t.me/MyanmarNationalPost

No comments:

Post a Comment