Pages

▼

Pages

▼

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူရေလှောင်ကန်ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပေးဝေမှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး





ရန်ကုန်၊ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ သည် ဇွန်လ ၇ ရက်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ ဂျိူးဖြူရေလှောင်ကန် ကြံ့ခိုင်မှု၊ ရေသိုလှောင် ထားရှိမှု၊ ရေပေးဝေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူရေလှောင်ကန် ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေပေးဝေမှုလုပ်ငန်းအဆင့်ဆင့် အခြေ အနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီး မြို့နယ်၊ မွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ် ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေထုတ်လွှတ်နေမှုနှင့် ရေလှောင်တမံ ကြံ့ခိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ဦးကဲ၏ မွေးမြူရေးခြံတွင် ဒေသနွားအကောင်ရေငါးဆယ် မွေးမြူထားရှိမှုနှင့် ဆိတ်ခြံတွင် အကောင်ရေ နှစ်ရာခြောက်ဆယ်နှစ်ကောင် မွေးမြူထားရှိမှုအားလည်းကောင်း၊ National Wood နွားမွေးမြူရေး ခြံတွင် အကောင်ရေနှစ်ရာငါးဆယ် မွေးမြူထားရှိမှုအားလည်းကောင်း၊ ဦးကဲ၏ နွားမွေးမြူ ရေးခြံတွင် အကောင်ရေ လေးဆယ် မွေးမြူထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်း လုပ်ကိုင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment