Pages

Pages

မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ ‌ဇွန် ၃

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇွန်လ ၀၁ ရက်နေ့ ၁၈၂၀ အချိန် မိတ္ထီလာမြို့နယ်၊ မကျီးချောက်ကျေးရွာနေ ကျော်ဇေယျ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူအောင်ဇော်ဝင်း(ခ)ကုလားမ အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၇,၆၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၅၂ သိန်း)၊ ဆေးခြောက် ၃,၀၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅ သိန်း)နှင့်  မြန်မာငွေကျပ် ၁၀ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အောင်ဇော်ဝင်း(ခ)ကုလားမ(၃၉)နှစ် နှင့် ကျော်ဇေယျ(၃၈)နှစ်တို့အား အမှတ်(၂)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment