Pages

Pages

မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် အာဆီယံ−ဥရောပသမဂ္ဂ အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ခြင်း


ကွာလာလမ်ပူ၊ ဇွန် ၂၃

ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ/ မြန်မာသံအမတ်ကြီးသည် ကွာလာလမ်ပူမြို့ အခြေစိုက် စင်ကာပူသံရုံး၌ ၁၉−၆−၂၀၂၅ ရက်၊ နေ့လယ်ပိုင်းတွင် စင်ကာပူသံအမတ်ကြီး H.E. Vanu Gopala Menon က ကြီးမှူးဧည့်ခံကျင်းပခဲ့သည့် အာဆီယံ−ဥရောပသမဂ္ဂ အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ 

အဆိုပါအလုပ်သဘော နေ့လယ်စာစားပွဲသို့ ကွာလာလမ်ပူမြို့အခြေစိုက် အာဆီယံသံရုံးများနှင့် ဥရောပသမဂ္ဂသံရုံးများမှ သံရုံးအကြီးအကဲများ တက်ရောက်ခဲ့ပြီး ကွာလာလမ်ပူမြို့အခြေစိုက် အာဆီယံ−ဥရောပနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment